🌲🏃‍♂️ “Kalaw Ultra Trail Run 2026 ကို အပြည့်အဝ အားဖြည့်ပေးခဲ့သည့် Royal-D” ⛰️⚡

🌲🏃‍♂️ “Kalaw Ultra Trail Run 2026 ကို အပြည့်အဝ အားဖြည့်ပေးခဲ့သည့် Royal-D” ⛰️⚡

အေးမြသည့် ရာသီဥတု၊ စိန်ခေါ်မှုများပြည့်နှက်နေသော တောင်တန်းလမ်းကြောင်းများနှင့်အတူ Kalaw Ultra Trail Run 2026 ပြိုင်ပွဲကြီးကို Royal-D မှ Performance Partner အဖြစ် ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါသည်။ 🌲🏔️

ပြိုင်ပွဲဝင် အားကစားသမားပေါင်း ၁,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များ၏ ခွန်အားနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်သည့် လမ်းကြောင်းအကွာအဝေး အဆင့်ဆင့်တွင် အားကစားသမားအသီးသီးမှ အကောင်းဆုံး စံချိန်များဖြင့် ပန်းဝင်နိုင်ခဲ့ကြပါသည်။ 🏃‍♀️🏃‍♂️🏅

💡 Refuel & Rehydrate with Royal-D

“Thousands of hours on the trail” ဆိုသည့်အတိုင်း တောင်တန်း ထင်းရှူးတောများကြား နာရီပေါင်းများစွာ ပြေးလွှားရချိန်တွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် Royal-D မှ Performance Partner အဖြစ် လမ်းကြောင်းတစ်လျှောက် တာဝန်ယူပေးခဲ့ပါသည်။ 💧🥤⚡

🏃‍♂️ Moments After the Miles: Fuel smart. Run strong. Finish proud.

ပြိုင်ပွဲအစမှ ပန်းတိုင်အထိ အပြေးသမားများ အရှိန်မပျက်ဘဲ အကောင်းဆုံး စွမ်းဆောင်ရည်ထုတ်ယူနိုင်ရန်နှင့် ပန်းဝင်ပြီးချိန်တွင်လည်း မောပန်းသမျှကို အမြန်ဆုံး အမောပြေစေရန် Royal-D မှ အပြည့်အဝ ပံ့ပိုးပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။ 💪🎉

စိန်ခေါ်မှုတိုင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားခဲ့ကြသည့် Champion များ နှင့် ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးချင်းစီ၏ စိတ်ဓာတ်ကို Royal-D မှ အမြဲတမ်း လေးစားဂုဏ်ပြုလျက်ရှိပါသည်။ 🏆👏✨

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး 💚