ပုံမှန်သောက်သုံးနေကျ Ion Supply Drink များထဲမှ ထူးခြားသည့် အရသာအသစ်တစ်မျိုးကို ရွေးချယ်ချင်သူများအတွက် Japanese Peach (ဂျပန် မက်မွန်သီး) ရနံ့အရသာဖြင့် Hikari မှ ထပ်မံ မိတ်ဆက်လိုက်ပါသည်။
ဟိကာရီ မက်မွန် (ဂျပန်မက်မွန်သီးအရသာ) အိုင်းယွန်းဖြည့်အချိုရည်တွင် ဂျပန်မက်မွန်သီး၏ မွှေးပျံ့သော မက်မွန်အရသာနှင့် ပုံမှန်အိုင်းယွန်းဖြည့် အချိုရည်များထက် ကယ်လစီယမ် နှင့် မဂ္ဂနီစီယမ် အိုင်းယွန်းများ ၂ ဆ ပိုမိုပါဝင်သည့် အပြင် မန်းဂနီးစ် ဓါတ်ကိုပါ ထည့်သွင်းထုတ်လုပ်ထားခြင်းကြောင့် ဆုံးရှုံးသွားသည့် ခန္ဓာကိုယ်တွင်း အရည်ဓါတ်များနှင့် အိုင်းယွန်းဓါတ်များအား သာမန်အိုင်းယွန်းဖြည့်အချိုရည်များထက် ပိုမိုလျင်မြန်စွာ ဖြည့်တင်းပေးနိုင်ပါသည်။ အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးချိန်တွင် သောက်သုံးနိုင်ပါသည်။