🚣‍♂️⛰️ “INLE 100 Trail Run (Breaking Limits) – Beyond the Lake” 🇲🇲✨

🚣‍♂️⛰️ “INLE 100 Trail Run (Breaking Limits) – Beyond the Lake” 🇲🇲✨

မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ စီးဆင်းရာ အင်းလေးဒေသမှာ INLE 100 Trail Run (Breaking Limits) အမည်ရှိ ပြိုင်ပွဲကြီး၌ ရွိုင်ရယ်-ဒီ (Royal-D) မှ Performance Partner အဖြစ် ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါသည်။ 🌊🏃‍♂️

ယခု INLE 100 ပြိုင်ပွဲကြီးတွင် Intha 15 KM, Pa’O 33 KM နှင့် အကြိတ်အနယ်ရှိလှသော Inle Ultra 60 KM ဆိုပြီး စိန်ခေါ်မှုအဆင့်အသီးသီး ပါဝင်ခဲ့ကာ၊ အသက်အရွယ်မရွေး ကလေးငယ်များမှစ၍ အသက်ကြီးပိုင်း အားကစားသမားများ၊ ပြည်တွင်း/ပြည်ပမှ Trail Runners မြောက်မြားစွာ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ 🏃‍♀️👨‍👩‍👧‍👦🏅

💡 INLE 100 တွင် အပြေးသမားများအတွက် Royal-D ၏ အဓိက ပံ့ပိုးမှုများ

  • 💧 သဘာဝတောင်တန်း၊ မြေနီလမ်းကြောင်းများနှင့် အတက်အဆင်းကြမ်းတမ်းသော လမ်းကြောင်းများပေါ်တွင် ပြေးလွှားရသဖြင့် ခန္ဓာကိုယ်မှ စွမ်းအင်နှင့် ချွေးဓာတ် အမြောက်အမြား ဆုံးရှုံးမည်ဖြစ်သောကြောင့် ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက် Checkpoints နှင့် Water Stations များ၌ အပြေးသမားများ ခန်းခြောက်သွားသည့် ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းနိုင်ရန် Royal-D မှ အပြည့်အဝ စီစဉ်ပေးခဲ့ပါသည်။ 🥤🏔️
  • 🔋 ခန္ဓာကိုယ်အတွက် လိုအပ်သော ရေနှင့် ဓာတ်ဆားကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့သဖြင့် အပြေးသမားများ ပန်းတိုင်အထိ လန်းဆန်းတက်ကြွစွာဖြင့် ပန်းဝင်နိုင်ခဲ့ကြပါသည်။ 💪⚡

🎉 အသက်အရွယ်မရွေး စည်းလုံးညီညွတ်စွာ ပန်းဝင်ခဲ့ကြသည့် အမှတ်တရများ

“One race. One community. Boundless grit!” ဆိုသည့်အတိုင်း ပြိုင်ပွဲဝင်များ၏ မလျှော့သော ဇွဲလုံ့လ၊ အချင်းချင်း ကူညီဖေးမမှုများနှင့်အတူ ပန်းဝင်စခန်း (Finish Line) သို့ ရောက်ရှိလာသည့် အပြေးသမားတိုင်းကို အမောပြေစေရန်နှင့် ဆုံးရှုံးသွားသော စွမ်းအင်များကို အချိန်တိုအတွင်း ပြန်လည်ရရှိစေရန် အေးမြဆန်းသစ်သည့် “ရွိုင်ရယ်-ဒီ” ဖျော်ရည်များကို ဝေငှပေးခဲ့ပါသည်။ 🏁🤝

မည်သည့် စိန်ခေါ်မှုလမ်းကြောင်းပေါ်မှာမဆို အားကစားသမားများ၏ ခွန်အား၊ စွမ်းဆောင်ရည်နှင့် မိမိကိုယ်ကို စိန်ခေါ်ကျော်လွှားလိုသည့် စိတ်ဓာတ်များကို အပြည့်အဝ ထုတ်ဖော်နိုင်ရန် Royal-D (ရွိုင်ရယ်-ဒီ) မှ Performance Partner အဖြစ် အမြဲတစေ အနားမှ ကူညီပံ့ပိုးပေးသွားပါမည်။ 👏✨

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚