HIKARI ကဘာအတွက်ကောင်းတာလဲ?

HIKARI ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်မှ လျော့နည်းသွားသော ရေနှင့်သတ္တုဓါတ်များ၊ အိုင်းယွန်းဓါတ်များကို အလျင်မြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်ပါသည်။ ခန္ဓာကိုယ်စွမ်းအင်စနစ်တွေကို အမြန်ဆုံးလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးနိုင်သည့်အတွက် မလိုအပ်ဘဲ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့မှ ကင်းဝေးစေမည်ဖြစ်ပါသည်။

“HIKARI” ဆိုတဲ့နာမည်က ဘာအဓိပ္ပာယ်လဲ?

“HIKARI” ဆိုတာ ဂျပန်ဘာသာစကားဖြစ်ပြီး “အလင်းတန်း” သို့မဟုတ် “တောက်ပမှု” လို့ အဓိပ္ပာယ်ရပါတယ်။ တောက်ပမှု၊ လန်းဆန်းမှုနဲ့ positive energy ကို ကိုယ်စားပြုပါတယ်။

HIKARI ကိုဘယ်သူတွေ/ဘယ်အခြေအနေတွေမှာ သောက်သုံးသင့်သလဲ?

အားကစားသမားများ၊ ကိုယ်လက်လှုပ်ရှားမှု များသူများ၊ ရာသီဥတု ပူပြင်းသောအခြေအနေနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်များ တွင်သောက်သုံးသင့်ပါသည်။

HIKARI မှာဘာတွေပါဝင်သလဲ?

HIKARI တွင် မဂ္ဂနီစီယမ်အိုင်းယွန် ( ခန္ဓာကိုယ်၏ အာရုံကြောစနစ်ကို ကောင်းမွန်နေစေခြင်း) ၊ ပိုတက်စီယမ်သည် (အာရုံကြောစနစ်နှင့် ကြွက်သား ကျုံ့ဆန့်နိုင်စွမ်း ကို ကောင်းမွန်စေခြင်း) ၊ ဆိုဒီယမ်ကလိုရိုဒ်(ကလိုရင်း) သည် ခန္ဓာကိုယ်၏ PH Level ကို ထိန်းသိမ်းပေးခြင်း တို့ပါဝင်ပါသည်။

Ion ဆိုတာဘာလဲ?

Ion ဆိုတာ ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ Electrolyte balance ကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်တွေကို ဆိုလိုပါတယ်။ Ion Supply Drink တွေမှာ Sodium, Potassium, Magnesium စတဲ့ Electrolyte ions တွေ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေအတွက် အထောက်အကူပြုပါတယ်။

Ion ဓာတ်ကိုနေ့စဥ်ဖြည့်တင်းဖို့ဘာကြောင့်လိုအပ်တာလဲ?

Ion တွေဟာ ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ Electrolyte balance ကို ထိန်းသိမ်းပေးခြင်း၊ အာရုံကြောနဲ့ ကြွက်သားတွေရဲ့ ပုံမှန်လုပ်ဆောင်မှု စတဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုများပြားခြင်း၊ ချွေးထွက်ခြင်းတို့ကြောင့် Ion ဓာတ်တွေ ဆုံးရှုံးနိုင်တာကြောင့် လိုအပ်တဲ့အချိန်မှာ ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။

လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Ion ဓာတ်ကိုဘယ်လိုဖြည့်ရမလဲ?

လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Ion (Electrolyte) ဓာတ်တွေကို အစားအစာနဲ့ ရေကနေ ဖြည့်တင်းနိုင်ပါတယ်။ ချွေးထွက်များတဲ့အချိန်တွေမှာတော့ Ion Supply Drink က ဆုံးရှုံးသွားတဲ့ ရေနဲ့ Electrolyte ဓာတ်တွေကို ပြန်လည်ဖြည့်တင်းရာမှာ အထောက်အကူပြုနိုင်ပါတယ်။

HIKARI ကို ကလေးတွေ သောက်လို့ရလား?

HIKARI ကို အသက် ၂ နှစ်နှင့်အထက် ကလေးများ သောက်သုံးနိုင်ပါတယ်။ အဖေ၊ အမေ သို့မဟုတ် အုပ်ထိန်းသူများအနေဖြင့် ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် နေ့စဉ်စားသောက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်။

HIKARI ကို တစ်နေ့ဘယ်နှဘူး သောက်လို့ရလဲ?

လူတိုင်းအတွက် တစ်နေ့သောက်သုံးရမည့် ဘူးအရေအတွက်ကို သတ်မှတ်ထားခြင်း မရှိပါ။ လိုအပ်သောပမာဏသည် ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းပြင်းထန်မှုနှင့် ချွေးထွက်မှု စသည့်အချက်များပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။ ထိုအချိန်များတွင် ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်နှင့် အိုင်းယွန်းဓာတ်များကို ပြန်လည်ဖြည့်တင်းရန် HIKARI ကို သောက်သုံးနိုင်ပါတယ်။ မိမိ၏ ရေဓာတ်လိုအပ်ချက်နှင့် တစ်နေ့တာ ရေသောက်သုံးမှု စုစုပေါင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

“ရွိုင်ရယ်-ဒီ” ကို အမျိုးအစား မည်မျှ ထုတ်လုပ်ထားပါသနည်း။

နှစ်သက်ဖွယ် ရနံ့အရသာ၊  ရွေးချယ်စရာများစွာနှင့်အတူ ခေတ်အဆက်ဆက် စားသုံးသူတို့၏ အစဉ်အလာကြီးမားသော အားပေးမှုကို ရရှိခဲ့သည့် “ရွိုင်ရယ်-ဒီ” တစ်ခါသောက်ဓာတ်ဆား(အ)မှုန့်ထုပ်များကို တင်သွင်းဖြန့်ချိခဲ့သည်။ ထို့နောက် မိသားစုတိုင်း နှစ်သက်မြတ်နိုးစွာ အစဉ်တစိုက်အားပေးမှုကို ရရှိထားတဲ့ ခြွင်းချက်မရှိထိမိသည့် ရနံ့အရသာ၊ အသင့်သောက်ဘူးပုံစံနှင့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်ဘူးများကို နိုင်ငံတကာစံချိန်စံညွှန်းမီစွာ စတင်ထုတ်လုပ်ခဲ့သည်။

ရွေးချယ်စရာအသစ် ရွိုင်ရယ်-ဒီ စပျစ်အရသာ ဓာတ်ဆားအားဖြည့်ဖျော်ရည်ဘူးများကို မူလအရည်အသွေးအတိုင်း ထုတ်လုပ်ရောင်းချလျက်ရှိသည်။