🩸 အမွန်မြတ်ဆုံးဒါနအဖြစ် သွေးလှူကြတဲ့ စေတနာရှင်တွေ အားပြန်ဖြည့်ဖို့အတွက် Royal-D က အမြဲပါဝင်အားဖြည့်ပေးလေ့ရှိပါတယ်

အသက်ပေါင်းများစွာကို ကယ်တင်ပေးနေကြသည့် အဖိုးတန်သွေးလှူရှင်များအား ဂုဏ်ပြုအားဖြည့်ခြင်း

❤️ အဖိုးတန်မေတ္တာရှင်များ၏ သွေးလှူဒါန်းမှုကို ဂုဏ်ပြုခြင်း အမွန်မြတ်ဆုံးဒါနအဖြစ် သွေးလှူကြတဲ့ စေတနာရှင်တွေ အားပြန်ဖြည့်ဖို့အတွက် ရွိုင်ရယ်ဒီ (Royal-D) က အမြဲပါဝင်အားဖြည့်ပေးလေ့ရှိပါတယ်။

အခုလည်း World Blood Donor Day အထိမ်းအမှတ်အနေဖြင့် သင့်သွေးဖြင့် အသက်များစွာ ကယ်တင်ပေးနိုင်မယ့်၊ မျှော်လင့်ချက်များစွာကို အသက်ဝင်စေခဲ့သည့် အဖိုးတန်မေတ္တာတစ်ခုဖြစ်သော သွေးလှူဒါန်းကြသည့် သွေးလှူရှင်များအတွက်:

🥤 ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ဖြည့်တင်းပေးခြင်း သွေးလှူရှင်များ သွေးလှူဒါန်းပြီးချိန်တွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် အာဟာရဓာတ်များကို ကောင်းမွန်မှန်ကန်စွာဖြင့် လျင်မြန်စွာ ပြန်လည်ရရှိနိုင်စေရန်

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်းများစွာ ကို မေတ္တာဖြင့် ဝန်းရံအားဖြည့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

💚 လိုအပ်သည့်နေရာတိုင်းတွင် အမြဲရှိနေမည့် ရွိုင်ရယ်ဒီ ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် နောင်တွင်လည်း ယခုကဲ့သို့ မွန်မြတ်လှသော ကူညီပံ့ပိုးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ နောက်ထပ်လည်း လိုအပ်တဲ့နေရာတိုင်းမှာ ရွိုင်ရယ်ဒီရဲ့ အားဖြည့်အာဟာရမေတ္တာတွေ ဆက်လက်ဝေမျှပေးနေဦးမှာ ဖြစ်ပါတယ်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

🤝 Supporting Earthquake Relief Together

ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ စုပေါင်းအားဖြည့်ဖေးမမှု

💚 ဝိုင်းဝန်းမျှကူတို့အတူဖြင့် ဘေးဒဏ်သင့်ဒေသများကို ဖေးမခြင်း 2025 ခုနှစ် ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ အရပ်ဒေသအသီးသီးက အများပြည်သူတို့အတွက် ရွိုင်ရယ်-ဒီကနေ ဝိုင်းဝန်းမျှကူတို့အတူ အစီအစဉ်အဖြစ်:

📈 ရွိုင်ရယ်ဒီဘူးပေါင်း ၅၀၀,၀၀၀ (ငါးသိန်း) ကျော် ကို လူမှုအဖွဲ့အစည်းတွေ၊ ဆေးရုံတွေနဲ့ အရေးပေါ်လိုအပ်တဲ့နေရာတွေသို့ အရောက်သွားရောက်ကာ ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါတယ်။

🙌 ဝယ်ယူမှုတိုင်းအတွက် ၂၅% ထပ်ဆောင်း ပါဝင်လှူဒါန်းပေးခြင်း ငလျင်ဒဏ်သင့်ဒေသ လူမှုကယ်ဆယ်ရေးတွေအတွက် ပူးပေါင်းပါဝင်ပြီး အများပြည်သူတို့ကို မျှကူ လှူဒါန်းဖို့ ရွိုင်ရယ်-ဒီ ဓာတ်ဆားအားဖြည့်အချိုရည်ဘူးတွေကို ယုံယုံကြည်ကြည် ဝယ်ယူအားပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ အနုပညာရှင်များကို အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

အလှူရှင်များ၏ မွန်မြတ်လှသော စေတနာကို ပိုမိုအားဖြည့်ပေးနိုင်ရန်အတွက်:

ဝယ်ယူမှုတိုင်း၏ ၂၅ ရာခိုင်နှုန်း (၂၅%) ကို ရွိုင်ရယ်-ဒီ (Royal-D) ကနေ အပိုထပ်ဆောင်း ဖြည့်စွက်ကာ အတူတကွ ပူးပေါင်းပံ့ပိုး လှူဒါန်းပေးခဲ့ပါသည်။

🇲🇲 ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အစဉ်အမြဲ အတူရှိနေမည့် ရွိုင်ရယ်ဒီ အခုလို အများပြည်သူတို့ လိုအပ်နေချိန်မှာ အတူတကွ ပူးပေါင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ရွိုင်ရယ်-ဒီ မိသားစုအနေနဲ့ များစွာဝမ်းမြောက်ကျေးဇူးတင်ရှိမိပါတယ်။

နောင်အနာဂတ်ကာလတွေမှာလည်း ဝိုင်းဝန်းမျှကူ တို့အတူ ဆိုတဲ့ ခံယူချက်အတိုင်း မိဘပြည်သူတို့နဲ့အတူ တစ်သားတည်း ရပ်တည်ကာ လိုအပ်သည့်နေရာတိုင်းတွင် အမြဲတစေ ဆက်လက်ပူးပေါင်း ပံ့ပိုးကူညီသွားဦးမည် ဖြစ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

💦 အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ရွိုင်ရယ်-ဒီ ကနေ နှစ်သစ်ကူး နှစ်ဦးအလှူ

နှစ်သစ်ဦးအခါသမယတွင် တစ်နိုင်ငံလုံးရှိ ဘုရားဖူးမိဘပြည်သူများအား ရေဓာတ်ဖြည့်တင်းလှူဒါန်းခြင်း

☀️ နှစ်ဆန်းတစ်ရက်နေ့၏ အေးမြသော ကုသိုလ်မွန် အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ရွိုင်ရယ်ဒီ ကနေ နှစ်သစ်ကူး နှစ်ဦးအလှူအဖြစ် မြန်မာတို့ရဲ့နေ့ထူးနေ့မြတ် နှစ်ဆန်း () ရက် (၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်၊ သောကြာနေ့) မှာ:

📈 ရွိုင်ရယ်ဒီ ဘူးပေါင်း တစ်သိန်း (၁၀၀,၀၀၀) တိတိကို နိုင်ငံအနှံ့ အားဖြည့်အာဟာရမေတ္တာအဖြစ် သဒ္ဓါတရားထက်သန်စွာ စုပေါင်းမျှဝေခဲ့ပါတယ်။

📍 ကွင်းဆင်းမျှဝေခဲ့ကြသည့် တစ်နိုင်ငံလုံးရှိ စေတီပုထိုးတော်ကြီးများ ရွိုင်ရယ်ဒီ (Royal-D) အဖွဲ့သားများသည် အပူရှိန်ပြင်းထန်သော ဧပြီလအတွင်း ဘုရားဖူးလာသူများ အမောပြေစေရန် အောက်ပါ အထင်ကရ စေတီပုထိုးတော်ကြီးများတွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်

  • 🏙️ ရန်ကုန်တိုင်းဒေသကြီး: ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၊ ကမ္ဘာအေးစေတီတော်မြတ်ကြီး၊ ပတ္တမြားစေတီတော်မြတ်ကြီး၊ ကျောက်တော်ကြီးဘုရားကြီး၊ မယ်လမုစေတီတော်မြတ်ကြီး၊ သာဓုကန်စေတီတော်မြတ်ကြီး၊ ကျိူက္ကဆံစေတီတော်မြတ်ကြီး၊ ကျောက်တန်းရေလည်စေတီတော်မြတ်ကြီး
  • 🏯 မန္တလေးတိုင်းဒေသကြီး: မဟာမြတ်မုနိဘုရားကြီး၊ ကုသိုလ်တော်ဘုရားကြီး
  • ⛰️ မကွေးတိုင်းဒေသကြီး: မြသလွန်စေတီတော်မြတ်ကြီး၊ ရွှေအင်းတောင်စေတီတော်မြတ်ကြီး
  • 🏯 ပဲခူးတိုင်းဒေသကြီး: ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး

🤍 ကိုယ်စိတ်နှစ်ပါး အားပြည့်လန်းဆန်းစေသည့် ကြည်နူးပီတိ ဘုရားဖူးလာ ရဟန်း သံဃာ မိဘ ဘိုးဘွား လူကြီး လူငယ်အားလုံး ရွိုင်ရယ်ဒီ အေးအေးလေးတွေသောက်ရင်း ရေနဲ့ဓာတ်ဆားဓာတ် မှန်ကန်မြန်ဆန်စွာ ဖြည့်တင်းပြီး အားပြည့်လန်းဆန်းသွားကြလို့ ကြည်နူးပီတိဖြစ်ရပါတယ်။

ရွိုင်ရယ်ဒီအနေနဲ့လည်း အပူဒဏ်ကာကွယ်ရေးရက်သတ္တပတ်အဖြစ် အားဖြည့်အာဟာရ မေတ္တာဝေမျှခြင်းတွေကို လိုအပ်တဲ့နေရာတိုင်းမှာ အစဉ်တစိုက် ဆက်လက်လုပ်ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာအကောင်းဆုံး

💝 “အမေများနေ့” အထိမ်းအမှတ်။ ရန်ကုန်တိုင်းရှိ မိဘမဲ့ကျောင်း (၁၃) ကျောင်းမှ ကလေးငယ်များအတွက် ရွိုင်ရယ်-ဒီ (Royal-D) မှ မေတ္တာဖြင့် အားဖြည့်လှူဒါန်း

အေးမြလန်းဆန်းလှသည့် မိခင်မေတ္တာဓာတ်ကို မျှဝေခြင်းနှင့် ကလေးငယ်များအား ဖေးမကူညီခြင်း

👩‍👧‍👦 မေတ္တာဓာတ်ဖြင့် အနာဂတ်ရင်သွေးငယ်များကို ဖေးမကူညီခြင်း ရွိုင်ရယ်-ဒီ (Royal-D) မိသားစုအနေဖြင့် ယနေ့ကျရောက်လာသော အမေများနေ့ (Mother’s Day)” တွင် အေးမြလန်းဆန်းလှသည့် မိခင်မေတ္တာဓာတ်ကို အားလုံးနှင့်အတူ မျှဝေခံစားနိုင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မိဘများနှင့်အတူ မရှိနိုင်ကြရှာသည့် ကလေးငယ်များ၏ အနာဂတ်ကို ဖေးမကူညီနိုင်ရန်အတွက် အထူးလှူဒါန်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

📍 ရန်ကုန်တိုင်းရှိ မိဘမဲ့ကျောင်း (၁၃) ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း ယခု အမေများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ရွိုင်ရယ်-ဒီ (Royal-D) အဖွဲ့သားများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသော မိဘမဲ့ကျောင်း စုစုပေါင်း (၁၃) ကျောင်း သို့ ကွင်းဆင်းသွားရောက်ကာ ကလေးငယ်များ ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြည့်တင်းနိုင်ရန်အတွက်:

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း (,၀၆၀) တိတိ ကို သဒ္ဓါတရားထက်သန်စွာဖြင့် မေတ္တာရှေးရှု လှူဒါန်းပေးအပ်ခဲ့ပါသည်။

💚 အနာဂတ်အတွက် ဆက်လက်ရပ်တည်ပေးမည့် ကတိကဝတ် ရွိုင်ရယ်-ဒီ (Royal-D) အနေဖြင့် နောင်တွင်လည်း ကလေးငယ်များနှင့် လူထုအကျိုးပြု လုပ်ငန်းများအတွက် လိုအပ်ချက်ရှိမည့် နေရာတိုင်းတွင် မိမိတို့၏ အားဖြည့်အာဟာရမေတ္တာများကို မပြတ်မကွက် ဆက်လက်မျှဝေပေးသွားဦးမည် ဖြစ်ပါသည်။

အမေများနေ့ရက်မြတ်တွင် မိဘပြည်သူ ချစ်သူများအားလုံးလည်း သားငယ်သမီးငယ်တို့၏ ပျော်ရွှင်လန်းဆန်းနေကြပုံ မှတ်တမ်းလေးများကို ကြည့်ရှုရင်း ထပ်တူထပ်မျှ ကုသိုလ်ပီတိ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

🌕 ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီပုထိုးကြီးများ၌ ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၀၀,၀၀၀) တိတိ “ကုသိုလ်ချိန်ခါ” ကာလဒါနလှူဒါန်းပေးခဲ့ပါသည်

ကြည်နူးချမ်းမြေ့ဖွယ်ရာ သီတင်းကျွတ်အခါသမယတွင် ဘုရားဖူးပြည်သူများအား ရေဓာတ်ဖြည့်တင်းလှူဒါန်းခြင်း

🙏 ကုသိုလ်ချိန်ခါအထူးကာလဒါန ကုသိုလ်မွန် မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများသည် စေတီပုထိုးများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဆင်နွှဲလေ့ရှိကြပါသည်။

ရွိုင်ရယ်ဒီ (Royal-D) မိသားစုအနေဖြင့် ၎င်းထူးမြတ်လှသော အခါသမယတွင် ကုသိုလ်ချိန်ခါ ဟု အမည်ပေးထားသည့် ကြီးမြတ်သော ကာလဒါန ကုသိုလ်မွန်တစ်ခုအဖြစ် တစ်နိုင်ငံလုံးရှိ နာမည်ကျော် စေတီပုထိုးကြီးများသို့ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများ အမောပြေ အားပြည့်လန်းဆန်းစေရန် ရည်ရွယ်၍:

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း၁၀၀,၀၀၀” (တစ်သိန်း) တိတိ ကို သဒ္ဓါတရားထက်သန်စွာဖြင့် စုပေါင်းလှူဒါန်း ပူဇော်ခဲ့ကြပါသည်။

ရွိုင်ရယ်ဒီ အဖွဲ့သားများသည် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ အပူဒဏ်ပြေပျောက်ပြီး အားပြည့်လန်းဆန်းစေရန်အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ပဲခူး၊ ဘားအံ နှင့် ပြည်မြို့ တို့ရှိ အထင်ကရ ထင်ရှားကျော်ကြားလှသော စေတီပုထိုးတော်ကြီးများတွင် သွားရောက်၍ ရေနှင့်ဓာတ်ဆားဓာတ်များကို အားတက်သရော လှူဒါန်းပေးခဲ့ကြပါသည်။ 💦

🤍 ကြည်နူးပီတိအပြည့်ဖြင့် သာဓုအနုမောဒနာခေါ်ဆိုခြင်း အဆိုပါ သီတင်းကျွတ်လပြည့်နေ့ အလှူတော်တွင် ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် လူကြီး လူငယ် အဖုံဖုံတို့သည် ရွိုင်ရယ်ဒီ (Royal-D) အေးအေးလေးကို သောက်သုံးကာ ကိုယ်စိတ်နှစ်ပါး အားပြည့်လန်းဆန်းသွားကြသည့်အတွက် လှူဒါန်းရသူ ရွိုင်ရယ်ဒီ မိသားစုတစ်ခုလုံး လှိုက်လှိုက်လှဲလှဲ ကြည်နူးပီတိ ဖြစ်ရပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ချစ်သူ မိဘပြည်သူများအားလုံးလည်း ယခုပြုလုပ်ခဲ့သမျှသော ကုသိုလ်အစုစုတို့ကို ထပ်တူထပ်မျှ ကြည်နူးငြိမ်းချမ်းစွာဖြင့် သာဓုခေါ်ဆိုနိုင်ရန်အတွက် သီတင်းကျွတ်လပြည့်နေ့ လှူဒါန်းမှု မှတ်တမ်းပုံရိပ်များကို အမှတ်တရ ဝေမျှဂုဏ်ပြုလိုက်ရပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီသာ အကောင်းဆုံး

💧 “ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ်” မန္တလေးတိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကာကွယ်ကုသရေး နေရာများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ အထူးလှူဒါန်းမှုကမ်ပိန်း စတင်တိုးချဲ့

ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေး

💚 ရှေ့တန်းမှ ကာကွယ်ကုသပေးနေသူများနှင့်အတူ လက်တွဲခြင်း ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုသည် အများပြည်သူများနှင့်အတူ လက်တွဲကာ စဉ်ဆက်မပြတ် အားဖြည့်ပံ့ပိုးလျက် ရှိပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ် အထူးလှူဒါန်းမှု အစီအစဉ်ကြီးမှတဆင့် ရန်ကုန်မြို့ရှိ ကိုဗစ်၁၉ ကာကွယ်ကုသပေးနေသည့် နေရာဌာနများသို့ အောင်မြင်စွာ ကွင်းဆင်းလှူဒါန်းပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ၎င်းမွန်မြတ်လှသော ကုသိုလ်ရေးလုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး သို့ပါ အားတက်သရော တိုးချဲ့ရောက်ရှိလို့ လာခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🤝 အလှူရှင်များ၏ မေတ္တာကို အပိုထပ်ဆောင်း ဖြည့်ဆည်းပေးခြင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်၁၉ ကာကွယ်တွန်းလှန်တိုက်ဖျက်နေကြသော ဆေးရုံများ၊ ကုသရေးစင်တာများနှင့် လိုအပ်သည့် မည်သည့်နေရာဌာနများအတွက်မဆို ရွိုင်ရယ်ဒီ (Royal-D) ဓာတ်ဆားဖျော်ရည်များ ဝယ်ယူလှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် မိတ်ဆွေတို့ ဝယ်ယူလှူဒါန်းမှု ပမာဏတိုင်းအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုဘက်မှ:

📈 (၂၂ % – ၂၂ ရာခိုင်နှုန်း) အပိုထပ်ဆောင်း ဖြည့်စွက်ကာ မေတ္တာဖြင့် အတူပါဝင် မျှကူလှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

🚚 စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ဖို့ အခမဲ့အရောက်ပို့ဆောင်ခြင်း အလှူရှင်များအနေဖြင့် လူကိုယ်တိုင် သွားရောက်ပို့ဆောင်ရန် အခက်အခဲမရှိစေဘဲ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မည်သည့် Covid-19 ကာကွယ်တိုက်ဖျက်ရေး နေရာဌာနကိုမဆို ရွိုင်ရယ်ဒီ အဖွဲ့သားများက အမြန်ဆုံး အထူးဝန်ဆောင်မှုဖြင့် လက်ဝယ်အရောက် စနစ်တကျ အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

📞 ပါဝင်လှူဒါန်းလိုပါက ဆက်သွယ်ရန်ဘာမဆိုရင်ဆိုင် ၂၂ ဖြတ်သန်းကြမယ်ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုပါက Royal-D Foundation ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

  • 09-771250630
  • 09-420091123

ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အရေးကြုံလာသည့် အခြေအနေတိုင်းတွင် ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား အမြဲအသင့် ပါဝင်ကူညီသွားမည် ဖြစ်ပါသည်။ မိဘပြည်သူ အလှူရှင်များအားလုံး ရွိုင်ရယ်ဒီနှင့်အတူ အခက်အခဲများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရင်း ကုသိုလ်များ အတူတကွ ရယူနိုင်ကြပါစေကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

ရွိုင်ရယ်-ဒီ ရဲ့ တိရစ္ဆာန်ဥယျာဉ် အပျော်ခရီးစဉ် 🐘🎈✨

ရွိုင်ရယ်-ဒီ အနေနဲ့ လူမှုအကျိုးပြု လှုပ်ရှားမှုတစ်ရပ်အဖြစ် “ရိမ ပရဟိတကျောင်း” နှင့် “မျိုးဆက်သစ် ပရဟိတကျောင်း” များမှ ချစ်စရာ ကလေးငယ်လေးများကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ခေါ်ဆောင်၍ ပျော်ရွှင်စရာကောင်းသော အမှတ်တရ ခရီးစဉ်တစ်ခု ဖန်တီးပေးခဲ့ပါတယ်။ 🚌💚

အစီအစဉ် ပထမပိုင်းအနေဖြင့် ကလေးငယ်များ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ပရဟိတကျောင်းများမှ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ Express Bus ကားကြီးများဖြင့် အကြိုအပို့ စီစဉ်ပေးခဲ့ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ကလေးငယ်များ ရောက်ရှိချိန်မှာလည်း ပျော်ရွှင်စရာ Zoo Map လေးများနှင့် ရောင်စုံ ပူဖောင်းလေးများ ဝေငှပေးကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ 🎈🗺️

ကလေးများအတွက် အတွေ့အကြုံသစ်များနှင့် ဗဟုသုတများစွာ ရရှိစေရန်အတွက်

တိရစ္ဆာန်လေးများအား အစာကျွေးခြင်း အစီအစဉ်🍌၊ Buggy ကားလေးများစီးကာ ဥယျာဉ်တစ်ခွင် လှည့်လည်ကြည့်ရှုခြင်း အစီအစဉ်နှင့် တိရစ္ဆာန်စောင့်ရှောက်သူများ၏ တိရစ္ဆာန်လေးများအကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြချက်များကိုလည်း စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပါတယ်။ 🚜

ဥယျာဉ်တစ်ခွင် လှည့်လည်လေ့လာစဉ် ကလေးငယ်များ မောပန်းမှုမရှိစေဘဲ ရေဓာတ်နှင့် အားအင်ပြည့်ဝနေစေရန် ရွိုင်ရယ်-ဒီ များကိုလည်း တိုက်ကျွေးခဲ့ပါတယ်။ 🍹🍃

လေ့လာရေး ခရီးစဉ်အပြီးမှာ ကလေးငယ်များ အားလုံး အတူတကွ နေ့လည်စာ စားသောက် အမောဖြေကြပြီး မျက်လှည့်ပြပွဲဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ရာ ကလေးငယ်များရဲ့ မျက်နှာပေါ်က ကြည်နူးစရာ အပြုံးလေးတွေဟာ ရွိုင်ရယ်-ဒီ (Royal-D) အတွက်တော့ မေ့မရနိုင်တဲ့ အကောင်းဆုံး ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ်။ 🪄✨💚

အစီအစဉ်ရဲ့ နောက်ဆုံးမှာတော့ ကလေးငယ်များ၊ ဆရာ/ဆရာမများနဲ့ Royal-D အဖွဲ့သူ/အဖွဲ့သားများ အတူတကွ အမှတ်တရ Photo ရိုက်ကူးရေး ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အမှတ်တရ ခရီးစဉ်လေးကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့ပါတယ်။ 📸✨🥰

ရှေ့ဆက်ပြီးတော့လည်း ရွိုင်ရယ်-ဒီ အနေနဲ့ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုမယ့် ကောင်းမွန်သော အစီအစဉ်များကို ဆက်လက်ဖန်တီးသွားမှာဖြစ်ပါသည်။ 😊

“ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚