Hlaing Yoma Trail Run: Fueling the Peak Performance — Powered by Royal-D

Hlaing Yoma Trail Run ရဲ့ ကြမ်းတမ်းတဲ့ စိန်ခေါ်မှုတိုင်းမှာ Runner တိုင်းရဲ့ Peak Performance (အမြင့်မားဆုံး စွမ်းဆောင်ရည်) ကို ထိန်းသိမ်းပေးဖို့ Royal-D က Performance Partner အဖြစ် အနားမှာ အမြဲရှိနေခဲ့ပါတယ်။ မိုင်တိုင်တိုင်းမှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ ဓာတ်ဆားနဲ့ အားအင်တွေကို အချိန်မီ ဖြည့်တင်းပေးရင်း အားကစားသမားများနှင့်အတူ ပန်းတိုင်အထိ အောင်မြင်စွာ ချီတက်ခဲ့တာ ဖြစ်ပါတယ်။

“ပန်းတိုင်အထိ အတူရှိခဲ့တဲ့ Royal-D” ဆိုတဲ့အတိုင်း Runner တို့ရဲ့ ချွေးစက်တိုင်း၊ ခြေလှမ်းတိုင်းမှာ ခွန်အားအသစ်တစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့တာဟာ ကျွန်ုပ်တို့အတွက် အလွန်ဂုဏ်ယူစရာပါ။ နောင်လာမယ့် စိန်ခေါ်မှုအသစ်တွေမှာလည်း ဒီထက်မကတဲ့ အားအင်တွေနဲ့အတူ အားကစားသမားတိုင်းရဲ့ အနားမှာ အမြဲရှိနေမှာပါ။

ကျွန်ုပ်တို့နှင့် အဘယ်ကြောင့် လက်တွဲသင့်သနည်း

Myanmar Oasis Manufacturing Co., Ltd. သည် လူကြိုက်များသော Royal-D၊ Hikari နှင့် Regen-D အမှတ်တံဆိပ်များကို ထုတ်လုပ်နေသည့် ထိပ်တန်းလုပ်ငန်းကြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဝန်ထမ်းများကို ဗဟိုပြုသည့် လုပ်ငန်းခွင်ယဉ်ကျေးမှုရှိပြီး၊ သင်၏ အရည်အချင်းများကို မြှင့်တင်ပေးရန် အစဉ်အမြဲ အလေးထားပါသည်။ ကျွန်ုပ်တို့နှင့်အတူ လက်တွဲခြင်းဖြင့် အောက်ပါ အခွင့်အရေးကောင်းများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည် –

  • ထိုက်တန်သော လစာနှင့် ခံစားခွင့်များ
  • ကျန်းမာရေးနှင့် ဘဝဖူလုံမှုဆိုင်ရာ စောင့်ရှောက်မှုများ
  • ရာထူးအဆင့်ဆင့် တိုးတက်မည့် အခွင့်အလမ်းများ

မကြာခဏမေးလေ့ရှိသော မေးခွန်းများ

ရေဓာတ်ပြည့်ဝမှု၊ ဓာတ်ဆားဓာတ်များ၊ စွမ်းအင်ဖြည့်တင်းမှု သို့မဟုတ် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါသလား?

လူသိများပြီး မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများကို အောက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

🎪☀️ နွေရာသီအတွက် ပျော်စရာအကောင်းဆုံး Royal-D Summer Wonderfun ပွဲတော် 🏖️✨

Royal-D မှ ကျင်းပသည့် ယခုနှစ် နွေရာသီ၏ အကြီးမားဆုံး Royal-D Summer Wonderfun ပွဲကြီးကို Time City တွင် () ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ 🥳🎉

အဆိုပါပွဲကြီးတွင် နာမည်ကျော် အနုပညာရှင်များ၊ Influencers များနှင့် ဧည့်သည်များစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ရန်ကုန်မြို့တွင်း/မြို့ပြင်မှ လာရောက်သူများဖြင့် နွေရာသီ၏ အပန်းဖြေ Playground တစ်ခုအဖြစ် ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ 🎈✨

🌟 ဖျော်ဖြေရေးနှင့် တေးဂီတ အစီအစဉ်များ

🎤 Day 1: Poe Ma Mhe Thar နှင့် Nang Myat Phyo Thin တို့မှ ပွဲစတင်ဆင်နွှဲပေးခဲ့ခြင်း။

👨👩👧👦 Day 2: Sandi Myint Lwin နှင့် မိသားစုတို့မှ လာရောက် ပျော်ရွှင်စွာ ပါဝင်ခဲ့ကြခြင်း။

🎶 Day 3: Htoo Aung, Khin Wint Wah, A Ling Yaung တို့နှင့်အတူ နာမည်ကျော် Influencers များ ပါဝင်ခဲ့ပြီး Vitamin မှလည်း တေးသီချင်းများဖြင့် အားဖြည့်ပေးခဲ့ခြင်း။

🎸 Day 4: Mary မှ ပရိသတ်များနှင့်အတူ အမှတ်တရ အချိန်များကို ဖန်တီးပေးခဲ့ခြင်း။

🎮🎯 Fun Activities များ

ဖျော်ဖြေရေးအစီအစဉ်များအပြင် လာရောက်သူ ဧည့်သည်များ၊ မိသားစုများနှင့် သူငယ်ချင်းများပါ တစ်နေရာတည်းတွင် ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် Activity များကိုလည်း စုံလင်စွာ စီစဉ်ပေးခဲ့ပါသည်။

🪄 Magic Show

🧩 Maze Game & Snake Game

❤️ Passion Corner

🎡 Spin the Wheel

🤝 ပျော်ရွှင်မှု၊ ဖျော်ဖြေမှုများနှင့် အမှတ်တရပေါင်းများစွာကို တစ်နေရာတည်းတွင် ဖန်တီးပေးနိုင်ခဲ့သည့် Royal-D Summer Wonderfun သည် ၂၀၂၆ နွေရာသီ၏ အောင်မြင်မှုအရှိဆုံး အစီအစဉ်များထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ 🏆✨

🌟ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံ💚

💖✨ “Delicious Royal-D: အရသာကောင်းများနှင့်အတူ ချစ်ခြင်းမေတ္တာများ မျှဝေရာ” 🍽🍹

Royal-D မှ ကျင်းပသည့် Delicious Royal-D Valentine’s Day အထူးအစီအစဉ်ကို (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နှင့် (၁၅) ရက် တို့တွင် Junction City စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 🛍🎉

ဒီပွဲဟာဆိုရင် လာရောက်ကြသူများအနေဖြင့် မိသားစုများ၊ ချစ်ခင်ရသူ သူငယ်ချင်းများနှင့်အတူ ချစ်ခြင်းမေတ္တာတွေကို မျှဝေရင်း Royal-D Food Pairing Experience – အရသာရှိသော အစားအစာများနှင့် Royal-D ကို အကောင်းဆုံး တွဲဖက်မြည်းစမ်းနိုင်ခဲ့ကြသည့် အမှတ်တရ အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်ဗျာ။ 😋🍹

🎯 Royal-D Food Pairing Experience နှင့် ဂိမ်းအစီအစဉ်များ

ပွဲသို့ လာရောက်ကြသူများအနေဖြင့် အရသာရှိသော အစားအစာများနှင့် Royal-D ကို တွဲဖက်သုံးဆောင်နိုင်မည့် Royal-D Food Pairing Experience ကို နှစ်ခြိုက်စွာ ခံစားခဲ့ကြရသည့်အပြင် စိတ်လှုပ်ရှားဖွယ် Fun Games များတွင် ပါဝင်ဆော့ကစားကာ အမှတ်တရများစွာ ဖန်တီးနိုင်ခဲ့ကြပါသည်။ 🎮🎁

🌟 အခမ်းအနား၏ အထူးအစီအစဉ်များနှင့် တက်ရောက်ခဲ့ကြသူများ

🎤 MC Zeya မှ အခမ်းအနားတစ်လျှောက် ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် ပရိသတ်များကို ရွှင်လန်းတက်ကြွအောင် အကောင်းဆုံး ဦးဆောင်ပေးခဲ့ပါသည်။

🎶 အထူးဧည့်သည်တော်များဖြစ်ကြသည့် Vitamins & Shine တို့၏ အနုပညာဖျော်ဖြေမှုများနှင့်အတူ စန်းဒီမြင့်လွင် (Sandi Myint Lwin) နှင့် မိသားစု တို့မှလည်း တက်ရောက်အားပေး ဆင်နွှဲခဲ့ကြပါသည်။ 👨👩👧👦✨

🎮 ထို့အပြင် ပွဲသို့ လာရောက်သူများ ပျော်ရွှင်စွာ ပါဝင်ဆော့ကစားနိုင်သည့် Interactive Games များစွာကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ပါသည်။ 🎁

🚀 နောက်ထပ် ပြန်လည်တွေ့ဆုံကြမည့် အစီအစဉ်

အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် Delicious Royal-D အစီအစဉ်ကို ဩဂုတ်လမှစတင်၍ ထပ်မံပြန်လည်ကျင်းပသွားရန် မျှော်မှန်းထားပါသည်။ Royal-D နှင့်အတူ အရသာရှိသော အစားအစာများ၊ ပျော်ရွှင်စရာ အတွေ့အကြုံအသစ်များကို ဆက်လက်မျှဝေပေးသွားဦးမည်ဖြစ်၍ စောင့်မျှော်အားပေးကြပါဦးဗျာ။ ဩဂုတ်လမှာ ပြန်လည်ဆုံတွေ့ကြစို့။ 🤝

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံ💚

လူငယ်တွေရဲ့ ဖန်တီးမှုနှင့် စိတ္ဓာတ်ခွန်အားများ စုစည်းရာ Passion Point Summer Edition ✨🎨

Royal-D Summer Wonderfun 2026 နှင့်အတူ Time City () ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့သည့် Passion Point Summer Edition သည် လူငယ်များ၏ အနုပညာဝါသနာ၊ ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ် ခွန်အားများကို အစွမ်းကုန် ဖော်ထုတ်ပြသနိုင်ခဲ့သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပါသည်။ 🥳🔥

🌟 Passion Point ၏ ထူးခြားဆန်းသစ်သော အစီအစဉ်များ

💃 Dance Challenge & Dance Styles မျိုးစုံ: K-Pop ပရိသတ်များနှင့် အကဝါသနာရှင် လူငယ်များအတွက် Street Dance Popping စသည့် ခေတ်ပေါ် အကစတိုင်ပေါင်းစုံ ပါဝင်သည့် Dance Challenge များကို ထည့်သွင်းကျင်းပပေးခဲ့ပါသည်။

🎤 ထူးချွန်သည့် လူငယ်အနုပညာရှင်များ၏ ဖျော်ဖြေမှု: Yung Hugo Chris အပါအဝင် အဆိုတော်များ၊ အကပညာရှင်များနှင့် နာမည်ကျော် အနုပညာရှင်များစွာ တက်ရောက်ကာ ၎င်းတို့၏ အရည်အချင်းများကို ပရိသတ်များနှင့်အတူ ဝေမျှဆင်နွှဲခဲ့ကြပါသည်။

တက်ကြွသော Vibe နှင့် အမှတ်တရများ: လူငယ်များ၏ Passion Talent နှင့် မဆုတ်မနစ်သော စိတ်အားထက်သန်မှုများကြောင့် ပွဲစဉ်တစ်လျှောက်လုံး နွေရာသီ၏ အသက်ဝင်ဆုံးနှင့် အစည်ကားဆုံး Vibe များကို ဖန်တီးနိုင်ခဲ့ပါသည်။

🚀 အနာဂတ်အတွက် Royal-D ၏ မျှော်မှန်းချက်

လူငယ်များ၏ Passion Talent နှင့် Creativity များကို စဉ်ဆက်မပြတ် မြှင့်တင်ဖော်ထုတ်ပေးနိုင်ရန်အတွက် Royal-D အနေဖြင့် Passion Point အစီအစဉ်များကို အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်ဆန်းသစ်စွာဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ 🤝

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚

🔥🏋️‍♂️ “Breaking Limits: HYROX BKK 2026 X Team Royal-D” 🇹🇭🏅

အပြင်းထန်ဆုံး စိန်ခေါ်မှုများနှင့် ကြံ့ခိုင်မှုကို စမ်းသပ်သည့် HYROX BKK 2026 ပြိုင်ပွဲကြီးတွင် Team Royal-D အဖြစ် မြန်မာနိုင်ငံမှ အားကစားသမားများ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အံ့မခန်း အောင်မြင်မှုများနှင့်အတူ မိမိတို့၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ပြနိုင်ခဲ့ကြပါသည်။ 🇲🇲💪

ရွိုင်ရယ်ဒီ (Royal-D) မှလည်း Official Performance Partner အဖြစ် လေ့ကျင့်ခန်းစခန်းများမှသည် ပွဲစဉ်တစ်လျှောက်လုံး အားဖြည့် ပံ့ပိုးပေးခဲ့ပါသည်။ ⚡🥤

💥 Breaking Limits: နိုင်ငံတကာစင်မြင့်ထက်မှ အောင်မြင်မှုများ

HYROX ပြိုင်ပွဲ၏ ပြင်းထန်လှသည့် လေ့ကျင့်ခန်း အဆင့်ဆင့်ကို အားကစားသမားများက မလျှော့သော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ကျော်ဖြတ်ကာ ပန်းတိုင်အထိ အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ကြသလို နိုင်ငံတကာစင်မြင့်ထက်တွင်လည်း အောင်လံလွှင့်ထူနိုင်ခဲ့ကြပါသည်။ 🇲🇲🏆✨

Elite Fueling for Maximum Performance

ပြင်းထန်လှသည့် HYROX Challenge များတွင် အားကစားသမားများ၏ ခန္ဓာကိုယ်မှ ရေဓာတ်နှင့် စွမ်းအင်များ အလျင်အမြန် ဆုံးရှုံးလေ့ရှိပါသည်။ ပြိုင်ပွဲဝင်များ အချိန်တိုင်း အားအင်မလျော့ဘဲ အကောင်းဆုံး စွမ်းဆောင်ရည် (Performance) ပြသနိုင်စေရန်အတွက် Royal-D မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားများကို အပြည့်အဝ အားပြန်သွင်းပေးခဲ့ပါသည်။ 💦🏋️‍♀️

မိမိတို့၏ Limit များကို ကျော်ဖြတ်ပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ကြသည့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် ကြံ့ခိုင်သော စိတ်ဓာတ်ကို Royal-D မှ ထပ်လောင်း လေးစားဂုဏ်ပြုလိုက်ရပါသည်ဗျာ။ 👏🎉

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး 💚

🔥🏋️‍♂️ “Breaking Limits: HYROX Yangon X Royal-D” 🇲🇲🏅

ကြံ့ခိုင်မှု၊ သက်လုံနှင့် စိတ်ဓာတ်ခွန်အားကို အမြင့်မားဆုံး စမ်းသပ်သည့် HYROX Yangon ပြိုင်ပွဲကြီးတွင် အားကစားသမားများက မိမိတို့၏ ကန့်သတ်ချက်များကို ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ယှဉ်ပြိုင်ခဲ့ကြပါသည်။ 💪✨

ရွိုင်ရယ်ဒီ (Royal-D) မှလည်း Official Performance Partner အဖြစ် ပွဲစဉ်တစ်လျှောက်လုံး လိုအပ်သည့် အားအင်နှင့် စွမ်းအားများကို အပြည့်အဝ ပံ့ပိုးပေးခဲ့ပါသည်။ ⚡🥤

Elite Fueling for Maximum Performance

ပြင်းထန်လှသည့် လေ့ကျင့်ခန်းများနှင့် စိန်ခေါ်မှုများကြောင့် အားကစားသမားများ၏ ခန္ဓာကိုယ်မှ ရေဓာတ်နှင့် စွမ်းအင်များ အလျင်အမြန် ဆုံးရှုံးလေ့ရှိပါသည်။ ပြိုင်ပွဲဝင်များ ပွဲစဉ်တစ်လျှောက်လုံး အားအင်မလျော့ဘဲ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်စေရန်အတွက် Royal-D မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားများကို အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးခဲ့ပါသည်။ 💦🏋️‍♀️

မိမိတို့၏ Limit များကို ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ပြီး ပန်းတိုင်အထိ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည့် အားကစားသမားတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုကို Royal-D မှ လေးစားဂုဏ်ပြုလိုက်ရပါသည်။ 👏🎉

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚

🌸🏃‍♂️ “မေမြို့ရဲ့ သာယာတဲ့ တောင်တန်းတွေကြားထဲက ခက်ခဲတဲ့ စိန်ခေါ်မှု Cherry Trail Run 2026 X Royal-D” ⛰️⚡

အေးမြသာယာလှတဲ့ မေမြို့ (ပြင်ဦးလွင်) ရဲ့ သဘာဝတောင်တန်းကြီးများကြားမှာ Cherry Trail Run 2026 ပြိုင်ပွဲကြီးကို စုစည်းညီညွတ်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 🌲🏔️

လှပသာယာလွန်းသလောက် စိန်ခေါ်မှုများပြည့်နှက်နေသည့် တောင်တက်တောင်ဆင်း လမ်းကြောင်းများကို အပြေးသမားများက မလျှော့သော ဇွဲ၊ လုံ့လတို့ဖြင့် ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ခဲ့ကြပြီး Royal-D မှလည်း Official Performance Partner အဖြစ် လမ်းကြောင်းတစ်လျှောက် အပြည့်အဝ အားဖြည့်ပေးခဲ့ပါသည်။ 🥤🏅

🏆 စိန်ခေါ်မှုများကို ကျော်ဖြတ်ခဲ့ကြသူများ

မေမြို့၏ စိန်ခေါ်မှုများပြည့်နေသော တောင်တန်းလမ်းကြောင်းများထက်တွင် ရေဓာတ်နှင့် စွမ်းအင်များကို အကောင်းဆုံး ထိန်းညှိကာ ပန်းတိုင်အထိ ရောက်ရှိခဲ့ကြသည့် အပြေးသမားများ၏ ကြံ့ခိုင်သော စိတ်ဓာတ်နှင့် ကြိုးစားအားထုတ်မှုများကို အထူးပင် လေးစားဂုဏ်ပြုအပ်ပါသည်။ 👏🔥

ရေဓာတ်နှင့် စွမ်းအင်အပြည့်ဖြင့် ပန်းတိုင်သို့

အေးမြသော ရာသီဥတုနှင့် ခက်ခဲသော တောင်တက်လမ်းကြောင်းများတွင် အားကစားသမားများ သက်လုံကောင်းမွန်စွာဖြင့် အရှိန်မပျက် ပြေးလွှားနိုင်စေရန်၊ ချွေးထွက်များခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်ရန်အတွက် Royal-D မှ Performance Partner အဖြစ် စွမ်းအင်ဖြည့်ဆည်းပေးခဲ့ပါသည်။ 💦💪

ခက်ခဲသော စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်ဖြတ်ကာ ပန်းတိုင်အထိ ရဲဝံ့စွာ ပန်းဝင်နိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးချင်းစီ၏ ကြံ့ခိုင်သော စိတ်ဓာတ်ကို Royal-D မှ ထပ်လောင်း ဂုဏ်ပြုလိုက်ရပါသည်။ 🎉✨

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး 💛💚

🚣‍♂️⛰️ “INLE 100 Trail Run (Breaking Limits) – Beyond the Lake” 🇲🇲✨

မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ စီးဆင်းရာ အင်းလေးဒေသမှာ INLE 100 Trail Run (Breaking Limits) အမည်ရှိ ပြိုင်ပွဲကြီး၌ ရွိုင်ရယ်-ဒီ (Royal-D) မှ Performance Partner အဖြစ် ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါသည်။ 🌊🏃‍♂️

ယခု INLE 100 ပြိုင်ပွဲကြီးတွင် Intha 15 KM, Pa’O 33 KM နှင့် အကြိတ်အနယ်ရှိလှသော Inle Ultra 60 KM ဆိုပြီး စိန်ခေါ်မှုအဆင့်အသီးသီး ပါဝင်ခဲ့ကာ၊ အသက်အရွယ်မရွေး ကလေးငယ်များမှစ၍ အသက်ကြီးပိုင်း အားကစားသမားများ၊ ပြည်တွင်း/ပြည်ပမှ Trail Runners မြောက်မြားစွာ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ 🏃‍♀️👨‍👩‍👧‍👦🏅

💡 INLE 100 တွင် အပြေးသမားများအတွက် Royal-D အဓိက ပံ့ပိုးမှုများ

  • 💧 သဘာဝတောင်တန်း၊ မြေနီလမ်းကြောင်းများနှင့် အတက်အဆင်းကြမ်းတမ်းသော လမ်းကြောင်းများပေါ်တွင် ပြေးလွှားရသဖြင့် ခန္ဓာကိုယ်မှ စွမ်းအင်နှင့် ချွေးဓာတ် အမြောက်အမြား ဆုံးရှုံးမည်ဖြစ်သောကြောင့် ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက် Checkpoints နှင့် Water Stations များ၌ အပြေးသမားများ ခန်းခြောက်သွားသည့် ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းနိုင်ရန် Royal-D မှ အပြည့်အဝ စီစဉ်ပေးခဲ့ပါသည်။ 🥤🏔️
  • 🔋 ခန္ဓာကိုယ်အတွက် လိုအပ်သော ရေနှင့် ဓာတ်ဆားကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့သဖြင့် အပြေးသမားများ ပန်းတိုင်အထိ လန်းဆန်းတက်ကြွစွာဖြင့် ပန်းဝင်နိုင်ခဲ့ကြပါသည်။ 💪⚡

🎉 အသက်အရွယ်မရွေး စည်းလုံးညီညွတ်စွာ ပန်းဝင်ခဲ့ကြသည့် အမှတ်တရများ

“One race. One community. Boundless grit!” ဆိုသည့်အတိုင်း ပြိုင်ပွဲဝင်များ၏ မလျှော့သော ဇွဲလုံ့လ၊ အချင်းချင်း ကူညီဖေးမမှုများနှင့်အတူ ပန်းဝင်စခန်း (Finish Line) သို့ ရောက်ရှိလာသည့် အပြေးသမားတိုင်းကို အမောပြေစေရန်နှင့် ဆုံးရှုံးသွားသော စွမ်းအင်များကို အချိန်တိုအတွင်း ပြန်လည်ရရှိစေရန် အေးမြဆန်းသစ်သည့် ရွိုင်ရယ်-ဒီ” ဖျော်ရည်များကို ဝေငှပေးခဲ့ပါသည်။ 🏁🤝

မည်သည့် စိန်ခေါ်မှုလမ်းကြောင်းပေါ်မှာမဆို အားကစားသမားများ၏ ခွန်အား၊ စွမ်းဆောင်ရည်နှင့် မိမိကိုယ်ကို စိန်ခေါ်ကျော်လွှားလိုသည့် စိတ်ဓာတ်များကို အပြည့်အဝ ထုတ်ဖော်နိုင်ရန် Royal-D (ရွိုင်ရယ်-ဒီ) မှ Performance Partner အဖြစ် အမြဲတစေ အနားမှ ကူညီပံ့ပိုးပေးသွားပါမည်။ 👏✨

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚

ရှားပါးစာရင်းဝင် ပန်ဒါနီလေး “မောင်မောင်” နှင့် “မီးမီး” တို့ကို Royal-D နဲ့ အတူတကွ စောင့်ရှောက်ကြစို့… 💚

ရွိုင်ရယ်ဒီ အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တိရစ္ဆာန်လေးများ ကာကွယ်စောင့်ရှောက်ရေးကို အလေးထားသောအားဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ မျိုးသုဉ်းရန် စိုးရိမ်ရသည့် ပန်ဒါနီ လေးများဖြစ်သော မောင်မောင် နှင့် မီးမီး တို့ကို အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ 🐾🍃

📌 အစီအစဉ် အသေးစိတ်

အစီအစဉ် အမည်: Wildlife Conservation Awareness – Red Panda Adoption

စတင်သည့် ရက်စွဲ: May 2025

♻️ ဘူးလွတ်လေးတွေကနေတစ်ဆင့် ကာကွယ်စောင့်ရှောက်စို့

လူကြီးမင်းတို့ သောက်သုံးပြီးသား Royal-D အဘူးလွတ်များကို သတ်မှတ်ထားသော စုဆောင်းပုံးများအတွင်း သီးသန့် ထည့်ဝင်ပေးခြင်းဖြင့် ပန်ဒါနီလေးများကို ယာယီမွေးစားသည့် အစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီနိုင်မည် ဖြစ်ပါသည်။

သင် Royal-D ကို သောက်သုံးလိုက်တိုင်း

🐾 မောင်မောင် နှင့် မီးမီး တို့အတွက် လိုအပ်သော အစာအာဟာရများ ထောက်ပံ့ပေးရာ ရောက်ပါသည်။

🏥 ၎င်းတို့၏ ကျန်းမာရေးနှင့် ရေရှည်စောင့်ရှောက်မှု အစီအစဉ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရာ ရောက်ပါသည်။

♻️ ပလတ်စတစ် ဘူးလွတ်များကို စနစ်တကျ ပြန်လည်စုဆောင်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါသည်။

မိမိကျန်းမာရေးအတွက် ရွိုင်ရယ်ဒီ နဲ့ ရေဓာတ်ဖြည့်တင်းရင်း ရှားပါး ပန်ဒါနီလေး မောင်မောင် နှင့် မီးမီး တို့၏ အနာဂတ်အတွက်ပါ အတူတကွ ပါဝင်စောင့်ရှောက်ပေးလိုက်ရအောင်။ 🥰

ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး💚

⚽️🏆 Royal-D Cup လူငယ်ဘောလုံးပြိုင်ပွဲများ” ⚽️✨

Royal-D သည် လူငယ်များ၏ ခန္ဓာကိုယ်နှင့် စိတ်ဓာတ် ကြံ့ခိုင်သန်စွမ်းလာစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ဇွဲလုံ့လ၊ သည်းခံခြင်းနှင့် အားကစားစိတ်ဓာတ်ကောင်းများ ပိုင်ဆိုင်လာစေရန် ရည်ရွယ်၍ “Royal-D Cup” အမည်ဖြင့် အသက်အရွယ်စုံ လူငယ်ဘောလုံးပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်မှစတင်ကာ ယနေ့ ၂၀၂၆ ခုနှစ်အထိ အစဉ်အဆက်မပြတ် ဂုဏ်ယူစွာ ကျင်းပပေးလျက်ရှိပါသည်။ 🏃‍♂️🇲🇲

🌟 Royal-D Cup အဓိက ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များ

⚽️ အဆင့်ဆင့်သော ပြိုင်ပွဲကွင်းပြင်များ ဖန်တီးပေးခြင်း:

ကျောင်းသားလူငယ်များ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ၎င်းတို့၏ ပါရမီနှင့် စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်ရန်အတွက် မြို့နယ်အလိုက် ကျောင်းပေါင်းစုံပြိုင်ပွဲများ၊ မြို့နယ်အလိုက်ပြိုင်ပွဲများ၊ ခရိုင်အဆင့်ပြိုင်ပွဲများနှင့် တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲများ ကို စနစ်တကျ ကျင်းပပေးလျက်ရှိပါသည်။ 🏟🏅

📚 ဘောလုံးနည်းစနစ်နှင့် ဗဟုသုတများ ဝေမျှခြင်း:

ပြိုင်ပွဲများ ကျင်းပပေးရုံတင်မကဘဲ ဘောလုံးဝါသနာရှင် ကျောင်းသားလူငယ်လေးများ နည်းစနစ်မှန်မှန် လေ့ကျင့်နိုင်စေရန်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ပွဲအပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းနိုင်သည့် နည်းလမ်းများစသည့် အသုံးဝင်သော အသိပညာများကိုလည်း အမြဲမပြတ် ဝေမျှပေးလျက်ရှိပါသည်။ 💡🧠

Performance Partner အဖြစ် အပြည့်အဝ ပံ့ပိုးပေးခြင်း:

လေ့ကျင့်ချိန်မှစ၍ ပွဲစဉ်တစ်လျှောက် လှုပ်ရှားကစားချိန်များတွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အမြန်ဆုံး အားပြန်သွင်းပေးနိုင်ရန် Royal-D မှ နီးကပ်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။ 💧🥤

🤝 အနာဂတ်အတွက် Royal-D ကတိကဝတ်

မည်သည့် စိန်ခေါ်မှုများပင်ရှိပါစေ အနာဂတ်၏ ဒေါက်တိုင်များဖြစ်ကြသည့် လူငယ်မောင်မယ်များ၏ အားကစားအိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်၊ စိတ်ဓာတ်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်သော မျိုးဆက်သစ် ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် Royal-D မှ Official Performance Partner အဖြစ် အမြဲတမ်း တာဝန်ယူ ပံ့ပိုးကူညီသွားပါမည်။ 👏✨

🌟ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး💚