ရွိုင်ရယ်-ဒီ ရဲ့ တိရစ္ဆာန်ဥယျာဉ် အပျော်ခရီးစဉ် 🐘🎈✨

ရွိုင်ရယ်-ဒီ အနေနဲ့ လူမှုအကျိုးပြု လှုပ်ရှားမှုတစ်ရပ်အဖြစ် “ရိမ ပရဟိတကျောင်း” နှင့် “မျိုးဆက်သစ် ပရဟိတကျောင်း” များမှ ချစ်စရာ ကလေးငယ်လေးများကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ခေါ်ဆောင်၍ ပျော်ရွှင်စရာကောင်းသော အမှတ်တရ ခရီးစဉ်တစ်ခု ဖန်တီးပေးခဲ့ပါတယ်။ 🚌💚

အစီအစဉ် ပထမပိုင်းအနေဖြင့် ကလေးငယ်များ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ပရဟိတကျောင်းများမှ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ Express Bus ကားကြီးများဖြင့် အကြိုအပို့ စီစဉ်ပေးခဲ့ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ကလေးငယ်များ ရောက်ရှိချိန်မှာလည်း ပျော်ရွှင်စရာ Zoo Map လေးများနှင့် ရောင်စုံ ပူဖောင်းလေးများ ဝေငှပေးကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ 🎈🗺️

ကလေးများအတွက် အတွေ့အကြုံသစ်များနှင့် ဗဟုသုတများစွာ ရရှိစေရန်အတွက်

တိရစ္ဆာန်လေးများအား အစာကျွေးခြင်း အစီအစဉ်🍌၊ Buggy ကားလေးများစီးကာ ဥယျာဉ်တစ်ခွင် လှည့်လည်ကြည့်ရှုခြင်း အစီအစဉ်နှင့် တိရစ္ဆာန်စောင့်ရှောက်သူများ၏ တိရစ္ဆာန်လေးများအကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြချက်များကိုလည်း စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပါတယ်။ 🚜

ဥယျာဉ်တစ်ခွင် လှည့်လည်လေ့လာစဉ် ကလေးငယ်များ မောပန်းမှုမရှိစေဘဲ ရေဓာတ်နှင့် အားအင်ပြည့်ဝနေစေရန် ရွိုင်ရယ်-ဒီ များကိုလည်း တိုက်ကျွေးခဲ့ပါတယ်။ 🍹🍃

လေ့လာရေး ခရီးစဉ်အပြီးမှာ ကလေးငယ်များ အားလုံး အတူတကွ နေ့လည်စာ စားသောက် အမောဖြေကြပြီး မျက်လှည့်ပြပွဲဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ရာ ကလေးငယ်များရဲ့ မျက်နှာပေါ်က ကြည်နူးစရာ အပြုံးလေးတွေဟာ ရွိုင်ရယ်-ဒီ (Royal-D) အတွက်တော့ မေ့မရနိုင်တဲ့ အကောင်းဆုံး ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ်။ 🪄✨💚

အစီအစဉ်ရဲ့ နောက်ဆုံးမှာတော့ ကလေးငယ်များ၊ ဆရာ/ဆရာမများနဲ့ Royal-D အဖွဲ့သူ/အဖွဲ့သားများ အတူတကွ အမှတ်တရ Photo ရိုက်ကူးရေး ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အမှတ်တရ ခရီးစဉ်လေးကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့ပါတယ်။ 📸✨🥰

ရှေ့ဆက်ပြီးတော့လည်း ရွိုင်ရယ်-ဒီ အနေနဲ့ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုမယ့် ကောင်းမွန်သော အစီအစဉ်များကို ဆက်လက်ဖန်တီးသွားမှာဖြစ်ပါသည်။ 😊

“ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚

K-Dance Camp

R&D Studio by Royal-D သည် အကကို ရူးသွပ်ကြသည့် လူငယ်များ၏ Passion များကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်ရန်အတွက် R&D K-Dance Camp Series များကို စဉ်ဆက်မပြတ် ဖန်တီးပုံဖော်ပေးလျက် ရှိပါသည်။

တောင်ကိုရီးယားနိုင်ငံမှ ကမ္ဘာ့အဆင့်မီ 1 MILLION Dance Studio မှ နာမည်ကြီး Choreographers များနှင့် Street Woman Fighter 2 မှ Iconic Dancers များကို မြန်မာနိုင်ငံသို့ တိုက်ရိုက်ဖိတ်ခေါ်ကာ ရက်တာ အနီးကပ် Dance Camp များ၊ Exclusive Master Class & Collab Sessions များအပြင် K-Pop Idol တစ်ယောက် ဖြစ်လာစေမည့် Closed Audition အခွင့်အရေးများကိုပါ ဖန်တီးပေးခဲ့သည့် အမိုက်စား Dance Community ပွဲကြီးများ ဖြစ်ပါသည်။ ⚡✨

OUR HIGHLIGHTED CAMPS 🏆

🌟 Vol-01 : First K-Dance Camp in Myanmar (May 2024)

Hyojin Choi, Buckey Han နှင့် Pyoungya တို့ကဲ့သို့ တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီး Choreographers များကို တိုက်ရိုက်ဖိတ်ခေါ်၍ K-Pop Choreography များကို အနီးကပ် လေ့လာသင်ယူခွင့် ရရှိစေခဲ့ပါသည်။

💥 Vol-02 : Youth Passion & Closed Audition (August 2025)

1 MILLION Dance Studio မှ Redy Shin နှင့် Amy Park တို့နှင့်အတူ အသက် (၂၀) အောက် လူငယ်များအတွက် Next-Level Moves များကို သင်ကြားပေးခဲ့ပြီး K-Idol Audition Form များပါ ဖြည့်သွင်းခွင့် ဖန်တီးပေးခဲ့ပါသည်။

🔥 Vol-03 : The Master Experience (August 2026)

1 MILLION Dance Studio မှ Redy Shin နှင့် Ladybounce OG Team Leader, Nob တို့၏ Collab Master Classes များနှင့် မေးမြန်းဆွေးနွေးနိုင်သည့် Meet & Speak Sessions များကို အထူးစီစဉ်ပေးခဲ့ပါသည်။

👉 သင်၏ Dance Passion များကို Level Up လုပ်ပြီး နောက်ထပ် ရောက်ရှိလာမည့် K-Dance Camp အစီအစဉ်သစ်များကို လက်မလွတ်စေဖို့ R&D Studio by Royal-D ကို အခုပဲ Like & Follow လုပ်ထားလိုက်ပါ။ 🫵

🌲🏃‍♂️ “Kalaw Ultra Trail Run 2026 ကို အပြည့်အဝ အားဖြည့်ပေးခဲ့သည့် Royal-D” ⛰️⚡

အေးမြသည့် ရာသီဥတု၊ စိန်ခေါ်မှုများပြည့်နှက်နေသော တောင်တန်းလမ်းကြောင်းများနှင့်အတူ Kalaw Ultra Trail Run 2026 ပြိုင်ပွဲကြီးကို Royal-D မှ Performance Partner အဖြစ် ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါသည်။ 🌲🏔

ပြိုင်ပွဲဝင် အားကစားသမားပေါင်း ,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များ၏ ခွန်အားနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်သည့် လမ်းကြောင်းအကွာအဝေး အဆင့်ဆင့်တွင် အားကစားသမားအသီးသီးမှ အကောင်းဆုံး စံချိန်များဖြင့် ပန်းဝင်နိုင်ခဲ့ကြပါသည်။ 🏃‍♀️🏃‍♂️🏅

💡 Refuel & Rehydrate with Royal-D

“Thousands of hours on the trail” ဆိုသည့်အတိုင်း တောင်တန်း ထင်းရှူးတောများကြား နာရီပေါင်းများစွာ ပြေးလွှားရချိန်တွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် Royal-D မှ Performance Partner အဖြစ် လမ်းကြောင်းတစ်လျှောက် တာဝန်ယူပေးခဲ့ပါသည်။ 💧🥤

🏃‍♂️ Moments After the Miles: Fuel smart. Run strong. Finish proud.

ပြိုင်ပွဲအစမှ ပန်းတိုင်အထိ အပြေးသမားများ အရှိန်မပျက်ဘဲ အကောင်းဆုံး စွမ်းဆောင်ရည်ထုတ်ယူနိုင်ရန်နှင့် ပန်းဝင်ပြီးချိန်တွင်လည်း မောပန်းသမျှကို အမြန်ဆုံး အမောပြေစေရန် Royal-D မှ အပြည့်အဝ ပံ့ပိုးပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။ 💪🎉

စိန်ခေါ်မှုတိုင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားခဲ့ကြသည့် Champion များ နှင့် ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးချင်းစီ၏ စိတ်ဓာတ်ကို Royal-D မှ အမြဲတမ်း လေးစားဂုဏ်ပြုလျက်ရှိပါသည်။ 🏆👏✨

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး 💚

🏃‍♂️💨 ” ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝနှင့် အားကစားစိတ်ဓာတ်ကို အပြည့်အဝ ဖော်ထုတ်ပေးမဲ့ Yangon Heritage Night Run X Royal-D” 🌙✨

ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝနှင့် အားကစားစိတ်ဓာတ်ကို အပြည့်အဝ ဖော်ထုတ်ပေးမဲ့ Yangon Heritage Night Run ပွဲကြီးကို စုစည်းညီညွတ်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်များက တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ 🤝🏅

Royal-D မှလည်း Official Performance Partner အဖြစ် ပါဝင်ကာ အားကစားသမားများ ပန်းတိုင်အထိ ခွန်အားပြည့်ဝစွာ အစွမ်းကုန် ပြေးလွှားနိုင်ရန်အတွက် အပြည့်အဝ ပံ့ပိုးကူညီပေးခဲ့ပါသည်။ 🥤

🏃‍♂️ ကျန်းမာရေးနှင့် အားကစားစိတ်ဓာတ်ကို ဖော်ထုတ်ခြင်း

  • 🎯 Health & Endurance Challenge: ကိုယ်လက်လှုပ်ရှားမှုဖြင့် သက်လုံနှင့် ကြံ့ခိုင်မှုကို စမ်းသပ်ကာ ကျန်းမာရေးအတွက် တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း။
  • 🏆 5KM Challenge & Winners: တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်နှင့် ကြိုးစားမှုကို ထုတ်ဖော်ပြသကာ 5KM ပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြသည့် Champion အားကစားသမားများ၏ ဂုဏ်ယူဖွယ် အခိုက်အတန့်များ။
  • 🎁 Fun & Interactive Games: Royal-D Booth တွင်လည်း ပြိုင်ပွဲဝင်များနှင့် ပါဝင်ဆင်နွှဲသူများအတွက် ပျော်ရွှင်ဖွယ် ကံစမ်းမဲအစီအစဉ်များနှင့် အမှတ်တရ လက်ဆောင်များကို ဝေမျှပေးခဲ့ခြင်း။

Hydrate & Perform with Royal-D

အပြေးအားကစား ပြုလုပ်ချိန်တွင် ခန္ဓာကိုယ်မှ ချွေးထွက်များပြီး ဆုံးရှုံးသွားသော ရေဓာတ်နှင့် electrolyte များကို အမြန်ဆုံး အားပြန်သွင်းပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုကို သက်သာစေပြီး အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေရန် Royal-D မှ ပြိုင်ပွဲတစ်လျှောက်လုံး ကူညီပံ့ပိုးပေးခဲ့ပါသည်။ 💦💪

မိမိတို့၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လတို့ကို ပြသကာ Yangon Heritage Night Run တွင် အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ကြသည့် Runner များ၊ ဆုရရှိခဲ့ကြသူများအားလုံးကို Royal-D မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်ဗျာ။ 👏🎉

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး 💛💚

🌲🏃‍♂️ “စိန်ခေါ်မှုများပြည့်နှက်နေသော ရိုးမ၏ လမ်းကြောင်းများထက်မှ Yoma Trail Series X Royal-D” ⛰️⚡

ရိုးမတောင်တန်းများ၏ ကြမ်းတမ်းပြီး စိန်ခေါ်မှုများပြည့်နှက်နေသော သဘာဝတောတောင် လမ်းကြောင်းများထက်တွင် Yoma Trail Series ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 🌲🏔

ပြိုင်ပွဲဝင် အားကစားသမားများ၏ ကြံ့ခိုင်သော စိတ်ဓာတ်၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ရွိုင်ရယ်ဒီ (Royal-D) မှလည်း Official Performance Partner အဖြစ် လမ်းကြောင်းတစ်လျှောက် အပြည့်အဝ ပံ့ပိုးကူညီပေးခဲ့ပါသည်။ 🥤🏅

ရိုးမ၏ မတ်စောက်ကြမ်းတမ်းသော တောင်ကုန်းတောင်တန်းများနှင့် မခန့်မှန်းနိုင်သော စိန်ခေါ်မှုလမ်းကြောင်းများကို ကြံ့ခိုင်သော စိတ်ဓာတ်တစ်ခုတည်းဖြင့် အပြေးသမားများ အကောင်းဆုံး ကျော်ဖြတ်ကာ ပန်းတိုင်ထိ အသီးသီး ရောက်ရှိခဲ့ကြပါသည်။ 🏃‍♀️🏃‍♂️🏁

တောတောင်လမ်းကြောင်းများထက် နာရီပေါင်းများစွာ မဆုတ်မနစ် အရောက်လှမ်းချိန်တွင် ခန္ဓာကိုယ်၏ Battery အားပြန်သွင်းပေးဖို့ အမြဲ လိုအပ်လှပါသည်။

ပြိုင်ပွဲဝင်များ စွမ်းအင်အပြည့်ဖြင့် အရှိန်မပျက် ပြေးလွှားနိုင်စေရန်၊ ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်ရန်အတွက် Royal-D မှ Performance Partner အဖြစ် လမ်းကြောင်းတစ်လျှောက် တာဝန်ယူ အားဖြည့်ပေးခဲ့ပါသည်။ 💧🔋💪

ရိုးမ၏ စိန်ခေါ်မှုများကို ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ကာ ပန်းတိုင်အထိ အရောက်ပြေးခဲ့ကြသည့် အပြေးသမားတစ်ဦးချင်းစီ၏ ကြံ့ခိုင်သော စိတ်ဓာတ်ကို Royal-D မှ အထူးပင် လေးစားဂုဏ်ပြုအပ်ပါသည်။ 👏🎉✨

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး 💚

“Royal-D ရဲ့ ၅၂၈ ချစ်ခြင်းမေတ္တာ၊ ရွှေဆွဲပြား ၅၂၈ ပြားနှင့် Royal-D ဘူးပေါင်းများစွာ မေတ္တာတုံ့ပြန် အစီအစဉ်” 🎁✨

Royal-D ကို နှစ်ရှည်လများ သစ္စာရှိစွာ အားပေးလာကြသည့် စားသုံးသူ မိဘပြည်သူများ၏ ချစ်ခင်မှုနှင့် ယုံကြည်မှုများကို တန်ဖိုးထားသောအားဖြင့်ရွှေဆွဲပြား ၅၂၈ ပြားနှင့် Royal-D ဘူးပေါင်းများစွာ မေတ္တာတုံ့ပြန်အစီအစဉ်မိတ်ဆက်ပွဲကြီးကို ရန်ကုန်မြို့၊ မြန်မာပလာဇာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 🛍❤️

🌟 နာမည်ကျော် အနုပညာရှင်များနှင့် Celebrity များစွာ တက်ရောက်ခြင်း

အခမ်းအနားတွင် MC Zeya မှ ဦးဆောင်ပါဝင်ပေးခဲ့ပြီး နာမည်ကျော် အနုပညာရှင်များဖြစ်ကြသည့် ပိုးမမှီသာ၊ အလင်းရောင်၊ ဗီတာမင်၊ ဇော်ရှိုင်းထက်၊ အုပ်စိုးခန့်၊ သံသာညီ၊ သဇင်ထူးမြင့် တို့အပြင် ထင်ပေါ်ကျော်ကြားသော Celebrities များနှင့် Social Influencers များစွာ တက်ရောက်ခဲ့ကြပါသည်။ 🎤📸

👑 ကံထူးရှင်များအား ရွှေဆွဲပြားဆုများ ချီးမြှင့်ပေးအပ်ခြင်း

🍾 ဆုမဲအစီအစဉ် : အထူးအမှတ်အသားပါရှိသော Royal-D သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည် နှင့် Royal-D စပျစ်ဘူး များ၏ ဘူးအဖုံးအတွင်းမှ ရွှေဆွဲပြား (၅၂၈) ဆု အပါအဝင် Royal-D ဘူးပေါင်းများစွာကို ကံစမ်းနိုင်မည် ဖြစ်ပါသည်။

🥇 ဆုပေးပွဲအခမ်းအနား: မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ ထွက်ပေါ်လာခဲ့သော ရွှေဆွဲပြား ကံထူးရှင်များကို ဖိတ်ကြား၍ နိုင်ငံကျော် အနုပညာရှင်များ ကိုယ်တိုင် ရွှေဆွဲပြားဆုများကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ပါသည်။

🛒 အခမ်းအနားကျင်းပစဉ် အထူးအစီအစဉ်ပါ ဘူးများကို ရောင်းချပေးခဲ့ရာ အဆိုပါပွဲမှလည်း ရွှေဆွဲပြား ကံထူးရှင်များထပ်မံထွက်ပေါ်ခဲ့ပါသည်။

🚀 မန္တလေးမြို့တွင် ဆက်လက်ကျင်းပမည့်ရွှေဆွဲပြား ၅၂၈ ပြားနှင့် Royal-D ဘူးပေါင်းများစွာ မေတ္တာတုံ့ပြန်အစီအစဉ်

ရန်ကုန်မြို့ မြန်မာပလာဇာတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် ဤမေတ္တာတုံ့ပြန် အစီအစဉ်ကြီးကို မန္တလေးမြို့၊ Mingalar Mandalay အောက်တိုဘာလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ () ရက်ဆက်တိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ 🤝✨

🌟ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး💚

လူငယ်တွေရဲ့ ဖန်တီးမှုနှင့် စိတ်ဓာတ်ခွန်အားများ စုစည်းရာ Passion Point Summer Edition ✨🎨

Royal-D Summer Wonderfun 2026 နှင့်အတူ Time City () ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့သည့် Passion Point Summer Edition သည် လူငယ်များ၏ အနုပညာဝါသနာ၊ ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ် ခွန်အားများကို အစွမ်းကုန် ဖော်ထုတ်ပြသနိုင်ခဲ့သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပါသည်။ 🥳🔥

🌟 Passion Point ၏ ထူးခြားဆန်းသစ်သော အစီအစဉ်များ

💃 Dance Challenge & Dance Styles မျိုးစုံ: K-Pop ပရိသတ်များနှင့် အကဝါသနာရှင် လူငယ်များအတွက် Street Dance Popping စသည့် ခေတ်ပေါ် အကစတိုင်ပေါင်းစုံ ပါဝင်သည့် Dance Challenge များကို ထည့်သွင်းကျင်းပပေးခဲ့ပါသည်။

🎤 ထူးချွန်သည့် လူငယ်အနုပညာရှင်များ၏ ဖျော်ဖြေမှု: Yung Hugo Chris အပါအဝင် အဆိုတော်များ၊ အကပညာရှင်များနှင့် နာမည်ကျော် အနုပညာရှင်များစွာ တက်ရောက်ကာ ၎င်းတို့၏ အရည်အချင်းများကို ပရိသတ်များနှင့်အတူ ဝေမျှဆင်နွှဲခဲ့ကြပါသည်။

တက်ကြွသော Vibe နှင့် အမှတ်တရများ: လူငယ်များ၏ Passion Talent နှင့် မဆုတ်မနစ်သော စိတ်အားထက်သန်မှုများကြောင့် ပွဲစဉ်တစ်လျှောက်လုံး နွေရာသီ၏ အသက်ဝင်ဆုံးနှင့် အစည်ကားဆုံး Vibe များကို ဖန်တီးနိုင်ခဲ့ပါသည်။

🚀 အနာဂတ်အတွက် Royal-D ၏ မျှော်မှန်းချက်

လူငယ်များ၏ Passion Talent နှင့် Creativity များကို စဉ်ဆက်မပြတ် မြှင့်တင်ဖော်ထုတ်ပေးနိုင်ရန်အတွက် Royal-D အနေဖြင့် Passion Point အစီအစဉ်များကို အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်ဆန်းသစ်စွာဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ 🤝✨

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး 💚

Delicious Royal-D 2025: ရွိုင်ရယ်ဒီနဲ့ပိုလိုက်ဖက် ပြီးပြည့်စုံတဲ့ခံစားချက်

ရွိုင်ရယ်ဒီ ရဲ့ရွိုင်ရယ်ဒီနဲ့ပိုလိုက်ဖက် ပြီးပြည့်စုံတဲ့ခံစားချက်” Event ပွဲစဉ်ကြီးများကို ရန်ကုန်မြို့ရဲ့ ထင်ရှားသော Shopping Mall များတွင် အနုပညာရှင်များ၊ ရွိုင်ရယ်ဒီ ချစ်သူ ပရိသတ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အမှတ်တရများစွာ ဖန်တီးနိုင်ခဲ့သည့် အဆိုပါ ပွဲစဉ်များ၏ ပျော်ရွှင်စရာ အခိုက်အတန့်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🥳✨

🛍️ Terminal-M Shopping Mall

ကျင်းပသည့်ရက်စွဲ: July 18, 19, 20

Terminal-M တွင် ကျင်းပခဲ့သော ပွဲစဉ်တွင် ရွိုင်ရယ်ဒီ ချစ်သူများစွာ လာရောက်အားပေးခဲ့ကြပြီး အနုပညာရှင်များနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ရင်းနှီးစွာ ဆင်နွှဲနိုင်သည့် အပြင် တက်ကြွလန်းဆန်းသော အငွေ့အသက်များကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ 🛍

🏙️ Junction City

ကျင်းပသည့်ရက်စွဲ: August 15, 16, 17

Junction City (Central Area) တွင် ကျင်းပခဲ့သော ပွဲစဉ်တွင် အနုပညာရှင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့် အထူးအစီအစဉ်များ၊ ရင်ခုန်စရာ Game များ ပါဝင်ခဲ့ပြီး Junction City တစ်ခုလုံးကို ရွိုင်ရယ်ဒီ ရဲ့ ပျော်ရွှင်မှုများဖြင့် အသက်ဝင်စေခဲ့ပါသည်။ 🏙💛

🏬 Junction Square

ကျင်းပသည့်ရက်စွဲ: August 29, 30, 31

Junction Square တွင် ကျင်းပခဲ့သော ပွဲစဉ်တွင် အနုပညာရှင်များနှင့်အတူ အမိုက်စား Game များ ကစားကာ ရွိုင်ရယ်ဒီ မှ ပြင်ဆင်ထားသော အထူးဆုလက်ဆောင်များစွာကို ပရိသတ်များထံ ပေးအပ်နိုင်ခဲ့ပါသည်။ 🎁🥳

ပွဲစဉ်များတွင် ပါဝင်သည့် အထူးအစီအစဉ်များ:

🎤 အနုပညာရှင်များနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်

📸 အမှတ်တရ Photo ရိုက်ကူးနိုင်သည့် Photo Booth များ

🎮 Royal-D ဆုလက်ဆောင်များစွာ ကံထူးနိုင်သည့် Fun Games & Activities များ

ရွိုင်ရယ်ဒီ ကို အမြဲတမ်း ချစ်ခင်အားပေးကြသော ပရိသတ်တွေရဲ့ အပြုံးတွေ ပျော်ရွှင်မှုတွေကရွိုင်ရယ်ဒီနဲ့ပိုလိုက်ဖက် ပြီးပြည့်စုံတဲ့ခံစားချက်” Event တိုင်းကို ပိုမို အဓိပ္ပာယ်ရှိစေခဲ့တာဖြစ်ပါတယ်။ 🥰

ရှေ့ဆက်ပြီးတော့လည်း ရွိုင်ရယ်ဒီ မှ ပရိသတ်များအတွက် ပိုမိုဆန်းသစ်ပြီး ပျော်ရွှင်စရာကောင်းသော အစီအစဉ်များကို ဆက်လက်ဖန်တီးပေးသွားမည် ဖြစ်ပါသည်။ 😊

ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚

💖✨ “Delicious Royal-D 2026: အရသာကောင်းများနှင့်အတူ ချစ်ခြင်းမေတ္တာများ မျှဝေရာ” 🍽️🍹

Royal-D မှ ကျင်းပသည့် Delicious Royal-D Valentine’s Day အထူးအစီအစဉ်ကို (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နှင့် (၁၅) ရက် တို့တွင် Junction City စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 🛍🎉

ဒီပွဲဟာဆိုရင် လာရောက်ကြသူများအနေဖြင့် မိသားစုများ၊ ချစ်ခင်ရသူ သူငယ်ချင်းများနှင့်အတူ ချစ်ခြင်းမေတ္တာတွေကို မျှဝေရင်း Royal-D Food Pairing Experience – အရသာရှိသော အစားအစာများနှင့် Royal-D ကို အကောင်းဆုံး တွဲဖက်မြည်းစမ်းနိုင်ခဲ့ကြသည့် အမှတ်တရ အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်ဗျာ။ 😋🍹

🎯 Royal-D Food Pairing Experience နှင့် ဂိမ်းအစီအစဉ်များ

ပွဲသို့ လာရောက်ကြသူများအနေဖြင့် အရသာရှိသော အစားအစာများနှင့် Royal-D ကို တွဲဖက်သုံးဆောင်နိုင်မည့် Royal-D Food Pairing Experience ကို နှစ်ခြိုက်စွာ ခံစားခဲ့ကြရသည့်အပြင် စိတ်လှုပ်ရှားဖွယ် Fun Games များတွင် ပါဝင်ဆော့ကစားကာ အမှတ်တရများစွာ ဖန်တီးနိုင်ခဲ့ကြပါသည်။ 🎮🎁

🌟 အခမ်းအနား၏ အထူးအစီအစဉ်များနှင့် တက်ရောက်ခဲ့ကြသူများ

🎤 MC Zeya မှ အခမ်းအနားတစ်လျှောက် ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် ပရိသတ်များကို ရွှင်လန်းတက်ကြွအောင် အကောင်းဆုံး ဦးဆောင်ပေးခဲ့ပါသည်။

🎶 အထူးဧည့်သည်တော်များဖြစ်ကြသည့် Vitamins & Shine တို့၏ အနုပညာဖျော်ဖြေမှုများနှင့်အတူ စန်းဒီမြင့်လွင် (Sandi Myint Lwin) နှင့် မိသားစု တို့မှလည်း တက်ရောက်အားပေး ဆင်နွှဲခဲ့ကြပါသည်။ 👨👩👧👦✨

🎮 ထို့အပြင် ပွဲသို့ လာရောက်သူများ ပျော်ရွှင်စွာ ပါဝင်ဆော့ကစားနိုင်သည့် Interactive Games များစွာကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ပါသည်။ 🎁

🚀 နောက်ထပ် ပြန်လည်တွေ့ဆုံကြမည့် အစီအစဉ်

အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် Delicious Royal-D အစီအစဉ်ကို ဩဂုတ်လမှစတင်၍ ထပ်မံပြန်လည်ကျင်းပသွားရန် မျှော်မှန်းထားပါသည်။ Royal-D နှင့်အတူ အရသာရှိသော အစားအစာများ၊ ပျော်ရွှင်စရာ အတွေ့အကြုံအသစ်များကို ဆက်လက်မျှဝေပေးသွားဦးမည်ဖြစ်၍ စောင့်မျှော်အားပေးကြပါဦးဗျာ။ ဩဂုတ်လမှာ ပြန်လည်ဆုံတွေ့ကြစို့။ 🤝✨

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်-ဒီ သာ အကောင်းဆုံး” 💚